Sunday, August 12, 2007

မန်းလေး

လာလည်စမ်းပါ ..... သူငယ်ချင်း
လက်ညှိုးထိုးမလွဲ စေတီပုထိုးတွေနဲ့
ဦးပိန်ဆောက်ခဲ့တဲ့ တံတား
မင်းတွေ့များတွေ့ရင် ဖျားသွားလိမ့်မယ် သူငယ်ချင်း ......
ဘယ်အချိန်မဆို ဆည်းလည်းသံချိုအရိပ်ကောင်းတွေနဲ့
အတိတ်သမိုင်းဟောင်းစာဖတ်သံတွေကို
အင်တာနက် အကူအညီမလိုဘဲ
နှလုံသားနဲ့ ဆက်ဆက် မင်းဖတ်နိုင်တယ် သူငယ်ချင်း ......
လာခဲ့စမ်းပါ တစ်ခေါက်
ပိတောက်တွေပွင့်တဲ့ နွေမှာပဲဖြစ်ဖြစ်
ခတ္တာပျော်တဲ့ ၀ဿန္တမှာပဲဖြစ်ဖြစ်
သဇင်တွေကြွေတဲ့ ဆောင်းမှာပဲဖြစ်ဖြစ် ......
အို ... သူငယ်ချင်း မင်းဘာဆိုဘာဆိုပဲဖြစ်ဖြစ်
ဧရာဝတီရဲ့ ဂီတလက်သံစစ်စစ်ကို
ဘာစွမ်းအင်မှ မလိုဘဲနဲ့
နှလုံးသားနဲ့ ဆက်ဆက်
မင်းတီးခတ်နိုင်တယ် သူငယ်ချင်း ..........။ ။

Monday, August 6, 2007

အရင်တုန်းက...............

ရွှေမန်းသူလေး
မနက်ရောင်ခြည် ဆည်းဆာအောက်မှာဖြင့်
မန္တလေးတောင်ရွှေရောင်ဝင်းပါလို့
ရွှေခြေကျင်းနဲ့ နှမပျိုငယ်
ဆွမ်းအုပ်ကိုသူချီမပါလို့
ရွှေကျောင်းကိုတဲ့ ဦးတည်ရွယ်
နေရောင်အ၀င့်မှာလ
အမြင်တင့်တယ်လေး ............။


တောင်သမန်အလှ
ဆွမ်းတော်ဗျို့အော်သံ
တောင်သမန်မှာ ပျံ့လွင့်
မနက်နေရောင်အောက်မှာဖြင့်
ကြည်နူးဖွယ် ပုံရိပ်ကိုပ
မြင်ယောင်မိပါသေး .............။

ကျောင်းတက်တုန်းက ကဗျာတစ်ပုဒ်ကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။

Sunday, August 5, 2007

သက်ဆိုင်သူသို့ .....................

ပြန်ချစ်ပါ
နှောင်တွယ်ရစ်သော သံယောဇဉ်ကြောင့်
ရှောင်ဖယ်ကာ နင်ပြေးရင်ဖြင့်
ဒီမောင်မှာ ဆွေးရပါလိမ့်မယ်
ကြောင်တောင်တောင် ပုံစံနဲ့
နင် ငါ့ကိုမမြင်ချင်ရင်ဖြင့်
ဒီတစ်ခါ ၀ါမကျွတ်ခင်
နင် ငါ့ကိုပြန်ချစ်ပါ ........

ကောင်မလေးတစ်ယောက်သို့ စောင်းမြောင်းဖွဲ့ဆိုပါသည်။

Tuesday, July 31, 2007

At the post office, an elderly lady approached another customer and asked, “ Sir, will you please write out this card for me? ”

Then man courteously agreed to write a short message and sign the card for her. “ Is there anything else I can do for you? ” he asked.

The woman thought for a moment. “ Yes, add this at the end. P.S: Please excuse me for the handwriting. ”

စေတနာသည်လူတိုင်းနဲ့ မတန်

စာတိုက်မှာ ဖြစ်၏။ အမျိုးသမီးကြီးတစ်ယောက်က စာတိုက်သို့ စာလာထည့်သူ အမျိုးသားကြီး တစ်ယောက် နား ကပ်ပြီး - “ ဒီမှာရှင့် ၊ ကျေးဖူးပြုပြီး ဟောဒီကဒ်ပေါ်မှာ စာလေးနည်းနည်း ရေးပေးပါလား။ ”

အမျိုးသားကြီးက အမျိုးသမီးကြီးရေးချင်တာကို ယဉ်ယဉ်ကျေးကျေး သဘောတူ လက်ခံပြီး ရေးပေးလိုက် သည်။ ပြီးသွားသည့် အခါ -“ တခြားဘာလုပ်ပေးရဦးမလဲ ခင်ဗျာ ” ဟုမေး၏။

အမျိုးသမီးကြီး ခဏတာ စဉ်းစား၏။ ပြီးမှ - “ ဟိုလေ…ဟုတ်ကဲ့၊ ဟိုလေ စာကြွင်း ဆိုပြီး လက်ရေး သည်းခံ ပေးပါလို့ ဖြည့်ပေး ပါဦးနော် ” ဟု ထပ်ခိုင်း လိုက်လေသည်။

Neighbour: “ Why on earth did you encour-age your wife to quit playing the piano and start playing the clarionet.”

The other: “ Because she can’t sing while she’s playing the clarionet.”

အသံကြား ဖျားချင်တယ်

အိမ်နီးချင်း - “ ဘာကြောင့်များ ခင်ဗျားက ခင်ဗျား မိန်းမကို စန္ဒရား မတီးစေ တော့ဘဲ ကလယ်ရီနက် မှုတ်ခိုင်းရတာလဲဗျာ ”

တခြားအိမ်နီးချင်း - “ ရှင်းနေတာပဲဗျာ၊ ကလယ်ရီနက် မှုတ်နေတော့ သူ သီချင်းဆိုလို့ မဖြစ်တော့ ဘူးလေ ”

ရတနာပုံသား နဲ့ Computer သူ

ဝတုတ်တုတ် နဲ့ ဆံရှည်လေး

Computer က ပဂေး..

ကျွန်တော် တွေ့တော့ စိတ်ထဲမှာ

ရင်ခုန်သံမှားတာ

သူ မနှစ်သက်ပါ ကျွန်တော့်အား

ရတနာပုံ ကျောင်းသား….

စောင့်ခဲ့ပြီပေါ့ အချိန်ကြာစွာ

ဖွင့်ပြောလိုက်ရင်ကွာ..

ရိုးရိုးသားသား ငါ့အချစ်များ

နင် သိနိုင်မှာလား…..

ဘာသာခြား လို့တွေဝေကာ

စိတ်ရှုတ်လို့နေတာ…

အချစ် ဆိုတဲ့အရာ ၀ါဂွမ်းအား

မမြင်နိုင်တော့ပါလား…။

(ကိုချမ်းမြစိုး ၏ Blog ထဲမှ သီချင်းအား အတင်းအားဓမ္မ ကဗျာ အဖြစ်ပြောင်းလဲလိုက်သည်။)

Saturday, July 28, 2007

အိပ်မက်မွေးမြူရေး
အိပ်မက်ဟောင်းတွေ
ရောင်းတယ်.....၀ယ်တယ်ဆိုတာများ
မကြားမိဘူးလား...............။

သွေးလေ ချောက်ခြား
နတ်များလှည့်ပတ်၊ စိတ်မှတ်စွဲလမ်း
အဆန်းတကြယ်၊ ကြောက်ဖွယ်ဘယာနက
ဂမ္ဘီရခန်းတွေ မပါစေနဲ့ပေါ့................။

တကယ်အပြီးမညားလေတဲ့
ငယ်ရည်းစားတွေရဲ့
ရုပ်ရည်ရူပကာ၊ ၀ါဝါဖြူဖြူ
မူယာအဖုံဖုံ၊ ပုံလွှာအမျိုးမျိုး
ုစိုးမိုးချယ်လှယ်၊ အလည်လာတတ်တာက
အခုလိုညမျိုးမှာ.....ဆိုလား။

အိပ်မက်ဆိုတာ
တစ်ခါပြန်နိုးပြီးသာ
ပြန်ဆက်မက်လို့ရရင်
ညစဉ်မပြတ် ထပ်တူကျအိပ်မက်တွေနဲ့ပျော်
(ကျွန်တော်) အဖော်မလိုချင်ပါဘူးဗျာ....။ ။
ရက်စက်တတ်တဲ့......ချစ်သူ
ချစ်ရတဲ့ သူရေ.......
နှလုံးသား ယုံကြည်ချက်တွေကို
သေမိန့် အဖန်ဖန်ချရင်း
ငါ တားဆီး နှောင့်ဖွဲ့ခဲ့ပေမယ့်
တစ်ခါတလေ........စိတ်အနေ စိတ်အတွေးက
ထိမ်းသိမ်းမရ လွင့်ပါးသွားတာ
ဝေ့ကာ ၀ဲကာ မင်းအနားမှာ.......................။

ချစ်ရတဲ့သူရေ............
မာယာကွန်ရက်ထဲ အသည်းခွဲဇာတ်လမ်း
ပြကွက်ဆန်းတွေထွင်ပြီး
နှလုံးသားရင်ပြင်ကို အမှောင်ချ
အချစ်ကို အရောင်ပြလို့
မင်း ငါ့ကို ဒဏ်ရာတွေပေးခဲ့ပေမယ့်
ခွင့်လွှတ်လေအပြုံး ကြည်ဖြူစေနှလုံးနဲ့
ရင်နာလည်း အပြုံးတစ်ပွင့်ကတော့
မင်းအတွက် အမြဲရှိတယ်.........................။

ချစ်ရတဲ့သူရေ.............
အသည်းကိုစား ဘ၀ကိုနင်းသွားလို့
အသွေးအသားနဲ့ ကစားရမှ
မင်းက ကျေနပ်မယ်ဆိုရင်
ငါပင်လျှင် ပန်းတစ်ပွင့်အဖြစ်နဲ့
မင်းရဲ့ အစေကိုခံချင်ပါရဲ့.............................။
မတွန်းမိအောင်လို့
စိတ္တဇဝေဒနာရှင်လူနာတစ်ယောက်က ဆရာဝန်ကိုပြောတယ် -
လူနာ - ဆရာ ကျွန်တော် အိပ်မက် တစ်ခုကို ညတိုင်း မက်တယ် ဆရာ......................... ကျွန်တော် မက်တဲ့ အိပ်မက် ထဲမှာ ကောင်မလေး ဆယ်ယောက်က ကျွန်တော့်ဆီ ပြေးလာပြီး နမ်းမယ်လုပ် ကြတယ် ဆရာ............
ဆရာဝန် - အဲဒီတော့ မင်းက ဘာလုပ်လိုက်လဲကွ...............
လူနာ - အဲဒီတော့ ကျွန်တော် သူတို့ကို အဝေးရောက်အောင် တွန်းလွှတ် လိုက်တယ်ဆရာ.......
ဆရာဝန် - ဒါဆို ပြီးတာပဲပေါ့ကွာ...... အဲဒါကို ငါက ဘာလုပ် ပေးရမှာလဲ ......ပြောပါဦး ...........
လူနာ - အဲဒါ နောက်တစ်ခါကျရင် သူတို့ကို တွန်းမပစ်နိုင်အောင် ကျွန်တော့်လက်တွေကို ဖြတ်ပေးပါ ဆရာ.........

Thursday, July 26, 2007

Patient : Doc, I had this recurring dream everynight.
I dream about 10 women were all rushing at
me and kissing me all over.
Psychiatrist: And what do you do?
Patient : I push them away.
Psychiatrist: So what seems to be the problem? What do
you want me to do?
Patient : Break my hands.

Listening Songs (WESTLIFE )

Quantcast