Sunday, August 12, 2007

မန်းလေး

လာလည်စမ်းပါ ..... သူငယ်ချင်း
လက်ညှိုးထိုးမလွဲ စေတီပုထိုးတွေနဲ့
ဦးပိန်ဆောက်ခဲ့တဲ့ တံတား
မင်းတွေ့များတွေ့ရင် ဖျားသွားလိမ့်မယ် သူငယ်ချင်း ......
ဘယ်အချိန်မဆို ဆည်းလည်းသံချိုအရိပ်ကောင်းတွေနဲ့
အတိတ်သမိုင်းဟောင်းစာဖတ်သံတွေကို
အင်တာနက် အကူအညီမလိုဘဲ
နှလုံသားနဲ့ ဆက်ဆက် မင်းဖတ်နိုင်တယ် သူငယ်ချင်း ......
လာခဲ့စမ်းပါ တစ်ခေါက်
ပိတောက်တွေပွင့်တဲ့ နွေမှာပဲဖြစ်ဖြစ်
ခတ္တာပျော်တဲ့ ၀ဿန္တမှာပဲဖြစ်ဖြစ်
သဇင်တွေကြွေတဲ့ ဆောင်းမှာပဲဖြစ်ဖြစ် ......
အို ... သူငယ်ချင်း မင်းဘာဆိုဘာဆိုပဲဖြစ်ဖြစ်
ဧရာဝတီရဲ့ ဂီတလက်သံစစ်စစ်ကို
ဘာစွမ်းအင်မှ မလိုဘဲနဲ့
နှလုံးသားနဲ့ ဆက်ဆက်
မင်းတီးခတ်နိုင်တယ် သူငယ်ချင်း ..........။ ။

No comments:

Listening Songs (WESTLIFE )

Quantcast